Welcome to Myanma Port Authority
COVID ကာလအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ စွမ်းဆောင်မှုများ
ရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ပမာဏ စုစုပေါင်း၏ ၈၅% ကျော်ကို ကိုင်တွယ် ဆောင်ရွက် ပေးလျက်ရှိပါသည်။ COVID-19 ကာလအတွင်း အခြားသော Transport Mode များဖြစ်သည့် ကုန်လမ်း (နယ်စပ်ကုန်သွယ်ရေး)နှင့် လေကြောင်းလမ်းတို့ဖြင့် နိုင်ငံတကာကုန်သွယ်မှုများ လျော့ချ/ရပ်ဆိုင်းခဲ့ရ ချိန်တွင် နိုင်ငံတကာကုန်သွယ်မှု မရပ်ဆိုင်းစေရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်မှုဖြင့် ရန်ကုန်ဆိပ်ကမ်းနှင့် ဆိပ်ကမ်းတံတားများသည် လုပ်ငန်းများရပ်ဆိုင်းခြင်းမရှိဘဲ နေ့/ညမနား ဝန်ဆောင် မှုပေးလျှက်ရှိနေပါသည်။ ထိုကဲ့သို့ နေ့/ညဝန်ဆောင်မှုများ အပြည့်အဝပေးနိုင်ရေးအတွက် ပင်လယ်ကူး သင်္ဘောကြီးများအား ကိုင်တွယ်မောင်းနှင်ရသည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြမှူးကြီး (Pilot)များသည် COVID-19 တားဆီးကာကွယ်ရေးအတွက် (Stay at Home, Work from Home) ဆောင်ရွက်နိုင်ခြင်းမရှိဘဲ လုပ်ငန်းလိုအပ်ချက်အရ နိုင်ငံတော်၏ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ မရပ်ဆိုင်း စေရေးအတွက် ရန်ကုန်မြစ်၏ ဒီရေအတက်အကျပေါ်မူတည်၍ နေ့/ည အချိန်မရွေး နေပူမိုးရွာမရှောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အကာအကွယ် အပြည့်အဝယူ၍ လိုအပ်ပါက PPE ဝတ်စုံများ ဝတ်ဆင်ပြီး တာဝန်ထမ်းဆောင်ပေးလျက် ရှိနေပါသည်။ ရန်ကုန်မြစ်အတွင်းဆိပ်ကမ်းများအနေဖြင့် အလျား (၁၉၀)မီတာ ရေစူး (၉.၃)မီတာ GRT ၂၀,၀၀၀ အထိရှိသော သင်္ဘောကြီးများအား ဝင်ခွင့်ပြုနိုင်ပြီး သီလဝါဒေသရှိ အပြင်ဆိပ်ကမ်းများအနေဖြင့် အလျား (၂၀၀)မီတာ ရေစူး (၉.၅)မီတာ GRT ၄၀,၀၀၀ ကျော်အထိရှိသော သင်္ဘောကြီးများကို ဝင်ခွင့်ပြုထားပါသည်။ ယခုနှစ် နိုဝင်ဘာလ ဒုတိယပါတ်တွင် ရန်ကန်ဆိပ်ကမ်း/ရန်ကုန်မြစ်၏ စံချိန်သစ် အဖြစ် အလျား မီတာ (၂၈၀)ခန့် GRT (၁၀၆,၅၂၀) ရှိသည့် LNG သင်္ဘောကြီးအား သီလဝါတွင် လက်ခံ ဆိုက်ကပ်မည်ဖြစ်ပါသည်။